Sunday, November 28, 2010

ကလေးမြို့ အထက(၁)ကျောင်း မီးလောင်


စစ်ကိုင်းတိုင်း ကလေးမြို့ အောင်မင်္ဂလာရပ်ကွက်ရှိ အထက(၁)ကျောင်းကြီးသည် ယနေ့နံနက် ၁ နာရီဝန်းကျင်တွင် မီးလောင်ကြောင်း သိရသည်။ ကျောင်းဆောင်ကြီးတစ်ခုလုံး လောင်ကျွမ်းပြီး အသေအပျောက်မရှိကြောင်း သတင်းရရှိသည်။ ၎င်းမီးလောင်မှုသည် အစိုးရလျှပ်စစ်မီးမှ တဆင့် ၀ါယာရှော့ဖြစ်သောကြောင့် ရုံးခန်းမှ စတင်လောင်ကျွမ်းသည်ဟု သတင်းရရှိသည်။

"ဒါကတော့ ၀ါယာရှော့ လို့ပြောကြတာပဲ။ ၎င်းလောင်းကျွမ်းတဲ့ ကျောင်းဆောင်ကတော့ နှစ်၅၀ပြည့်အမှတ်တရ ကျောင်းဆောင်သစ်ကြီး၊ တစ်ခုလုံးပါသွားတယ်။ နောက်ပြီးတန်ဖိုးရှိတဲ့ပစ္စည်း အားလုံးက အဲဒီအဆောင်ထဲမှာ ထားတယ်လေ၊ ကျောင်းဆောင်ကြီးတစ်ခုလုံး လောင်ကျွမ်းတယ် လူသေ၊ ဒဏ်ရာရရှိသူတော့ မရှိဘူး။" ဟု အမည်မဖော်လို ကလေးမြို့သူတစ်ဦးက Zogampost ကို ပြောသည်။

ပြီးခဲ့သည့် မတ်လ ၂၄ မှာလည်း ကလေးမြို့ ပင်လုံရပ်ကွက် ၇ တွင် အိမ် ၈ လုံးလောင်ကျွမ်းကြောင်းလည်း သိရသည်။

0 comments:

Post a Comment