Friday, November 5, 2010

ရွေးကောက်ပွဲ အထူးအစီရင်ခံစာ အပိုင်း(၂) {AAPP(Burma) မှ ဖြန့်ဝေသည်}

နောက်ပိုင်းတွင် ဗုံးခွဲမှုအားအမှန်တကယ် ကျူးလွန်ခဲ့သူမှဖြောင့်ချက်ပေးကာ ထောင်ဒဏ်၁၀ နှစ်အမိန့်ချမှတ်ခံခဲ့ရပြီးလွတ်ရက်စေ့၍ ပြန်လွတ်ပြီးသည့်တိုင် ကိုသန့်ဇော် နှင့် ကိုညီညီဦး တို့ပြန်မလွတ်ပဲ ယနေ့အထိ အကျဉ်းကျနေကြဆဲဖြစ်ပါသည်။

သတင်းလွတ်လပ်ခွင့်ကင်းမဲ့ခြင်း စာနယ်ဇင်းသမားများအားထောင်သွင်း အကျဉ်းချမှုများနှင့် ကျပ်တည်းပြင်းထန်သည့် စိစစ်ရေး ဥပဒေများချုပ်ချယ် ကန့်သတ်မှုများကြောင့် မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင်သတင်းလွတ်လပ်မှု အကင်းမဲ့ဆုံး နိုင်ငံများစာရင်းတွင်ပါဝင်နေပါသည်။ စာနယ်ဇင်းသမားများ၊ ဓါတ်ပုံဆရာများ၊ ဘလော့ဂ်ဂါများ အပါအ၀င်လက်ရှိကာလတွင် သတင်းနှင့်စာနယ်ဇင်းသမား အနည်းဆုံး၄၀ ဦး အကျဉ်းကျနေကြပါသည်။ စာနယ်ဇင်းသမားများသာ ဖိနှိပ်ချုပ်ချယ်ကန့်သတ်မှုများရင်ဆိုင်ကြရသည်မဟုတ်ပဲ ဂီတပညာရှင်များ၊ ဟာသသရုပ်ဆောင်များနှင့် အခြားအနုပညာရှင်များ သည် လည်းဖိနှိပ်မှု အမျိုးမျိုးအားရင်ဆိုင် နေကြရပါသည်။

၂၀၁၀ ခုနှစ်အောက်တိုဘာလ အတွင်းတွင် နယ်စည်းမခြားသတင်းထောက်များ အဖွဲ့မှ နှစ်စဉ်သတင်းနှင့်စာနယ်ဇင်းလွတ်လပ်ခွင့် အစီရင်ခံစာအားထုတ်ပြန်ခဲ့သည်။ ထိုအစီရင်ခံစာထဲတွင် အီရန်နှင့်မြောက်ကိုရီးယား နိုင်ငံတို့အထက်တွင်မြန်မာနိုင်ငံသည် ၁၇၈ နိုင်ငံတွင် ၁၇၄ အဆင့်ဖြင့် သတင်းလွတ်လပ်ခွင့်မရှိဆုံးပဉ္စမေ မြာက်နိုင်ငံအဖြစ် ရပ်တည်နေကြောင်းတွေ့ရပါသည်။ ပြည်ပ အဆက်အသွယ် ဖြတ်တောက်ထားပြီးဖြစ်သည့်တိုင်စစ်အစိုးရသည် ရွေးကောက်ပွဲကာလအတွင်းမည်သည့်နိုင်ငံရပ်ခြား သတင်းထောက်များကိုမှပြည်တွင်းသို့ ၀င်ခွင့်ပြုမည်မဟုတ်ကြောင်းအောက်တိုဘာလ ၁၈ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။ ကန္တာရ၀တီသတင်းဌာနမှအယ်ဒီတာ ကိုညီညီထွန်းသည် အဖမ်းခံရပြီးတနှစ်အကြာ အောက်တိုဘာလ ၁၃ရက်နေ့တွင် ထောင်ဒဏ် ၁၃ နှစ်ချမှတ်ခြင်းခံခဲ့ရပါသည်။ကိုညီညီထွန်းအား မတရားအသင်းဥပဒေ၊လူဝင်မှု ကြီးကြပ်ရေးဥပဒေနှင့်ကြိုးမဲ့ကြေးနန်း ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေတို့ဖြင့်အမိန့်ချခြင်းဖြစ်ပါသည်။စစ်အစိုးရ အာဏာပိုင်များမှကနဦးတွင် ကိုညီညီထွန်းအားမြန်မာပြည်တွင်းဖြစ်ပွားခဲ့သည့်ဗုံးပေါက်ကွဲမှုများနှင့်ဆက်စပ်ကာ တရားရုံးတင်ရန်စီစဉ်ခဲ့သော်လည်းထိုစွပ်စွဲချက်များအား နောက်ပိုင်းတွင်ပယ်ဖျက်ခဲ့ကြောင်း ထင်ရှားပါသည်။အတင်းအဓမ္မ ဖြောင့်ချက် ရယူရန်ကြိုးပမ်းသည့်အနေနှင့် ကိုညီညီထွန်းအားရဲအုပ် အောင်စိုးနိုင် အပါအ၀င်ရဲ ၁၆ ဦးတို့မှ ခြောက်ရက်တိုင်တိုင်အလှည့်ကျ နေ့ရောညပါ နှိပ်စက်ညှဉ်းပမ်းခဲ့ကြသည်။အရိုက်အနှက် ခံရသောကြောင်းကိုညီညီထွန်း၏ ခေါင်းနှင့်ခန္ဒာကိုယ်တွင် ဒဏ်ရာဒဏ်ချက်များရရှိခဲ့သည်။ ကိုညီညီထွန်းသည်ရိုက်နှက်ခံရရုံမျှမက လိင်ပိုင်းဆိုင်ရာလည်းစော်ကားခံရပါသည်။ စစ်ဆေးသောရဲအရာရှိများမှ ကိုညီညီထွန်း၏စအိုအတွင်း နံပါတ်တုတ်ဖြင့်ထိုးသွင်းမွှေနှောက်ခြင်းများကျူးလွန်ခဲ့ကြပါသည်။ နှိပ်စက်ခံရသောဒဏ်ကြောင့် ကိုညီညီထွန်း၏ ဦးခေါင်းနှင့် ခန္ဒာကိုယ် ပေါ်တွင် ဒဏ်ရာဒဏ်ချက်ပေါင်းများစွာ ကျန်ရှိနေပါသည် ။ အလွတ်ပညာသင်ဆရာမနှင့်ဒီမိုကရက်တစ် မြန်မာ့အသံသတင်းထောက်ဖြစ်သူမလှလှဝင်းသည် အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေးဥပဒေအားချိုးဖောက်သည်ဟုဆိုကာ ၂၀၀၉ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်နေ့တွင်ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခြင်းခံခဲ့ရပါသည်။မလှလှဝင်းသည် ဒီမိုကရက်တစ်မြန်မာ့အသံအတွက် မကွေးတိုင်းပခုက္ကူမြို့ ဘုန်းကြီးကျောင်းတခုတွင်သံဃာတော်များအား တွေ့ဆုံမေးမြန်းပြီးအပြန် ၂၀၀၉ ခုနှစ် စက်တင်ဘာလ၁၁ ရက်နေ့တွင် အဖမ်းခံခဲ့ရပြီး။အောက်တိုဘာလ ၆ ရက်နေ့တွင်မလှလှဝင်းနှင့် အဖော်ဖြစ်သူကိုမြင့်နိုင်တို့အား ပခုက္ကူတရားရုံးမှတရားမ၀င် တင်သွင်းထားသည့်မော်တော်ဆိုင်ကယ် ပိုင်ဆိုင်မောင်းနှင်မှုနှင့်ထောင်ဒဏ် ၇ နှစ်စီ ချမှတ်ခဲ့ပါသည်။ ထောင်တွင်း၌ညှဉ်းပမ်းနှိပ်စက် စစ်ကြောပြီးသည့်အခါသူတို့နှစ်ဦးအား အီလက်ထရောနစ်ဆက်သွယ် ဆောင်ရွက်ရေး ဥပဒေပုဒ်မ ၃၃ အရ တားမြစ်ပိတ်ပင်ထားသည့်အီလက်ထရောနစ်ပစ္စည်းများအားအသုံးပြုကာ နိုင်ငံတော်အားဆန့်ကျင်သည့်သတင်းအချက်အလက်များအား ပြည်ပသို့ပေးပို့မှုဖြင့်ထပ်မံတရားစွဲဆို ခဲ့ပါသည်။ယခုအခါတွင် မလှလှဝင်းသည်ထောင်ဒဏ် စုစုပေါင်း ၂၇ နှစ်ကျခံနေရသည်။ ဒီမိုကရေစီစံချိန်စံညွှန်းများနှင့်ပြည့်စုံသည့်ရွေးကောက်ပွဲတခုအတွက်လွတ်လပ်သောသတင်း မီဒီယာများ လိုအပ်ပါသည်။သတင်းနှင့်စာနယ်ဇင်းသမားများအားဖမ်းဆီးနှိပ်စက်ခြင်း၊ ဖိနှိပ်ချုပ်ချယ်ခြင်းနှင့်ထောင်သွင်း အကျဉ်းချခြင်းတို့သည်စစ်အစိုးရမှပြောဆိုနေသောဒီမိုကရေစီလမ်းကြောင်းနှင့်ဖြောင့်ဖြောင့်ကြီးဆန့်ကျင်နေသည့်အပြင် မည်သည့်နည်းနှင့်မဆို အာဏာဆက်လက်ကိုင်စွဲထားရန် ကြိုးပမ်းမှုတခုအဖြစ်သိသာထင်ရှားနေပါသည်။

စစ်အစိုးရအားဆန့်ကျင်အတိုက်အခံလုပ်ခြင်း၏နောက်ဆက်တွဲများ စစ်အစိုးရမှ၎င်း၏ဒီမိုကရေစီလမ်းကြောင်းဟုခေါ်ဆိုသည့်နိုင်ငံရေးလမ်းပြမြေပုံအားထိခိုက်အောင် ဆန့်ကျင် ကန့်ကွက်သူနှောက်ယှက်သူမှန်သမျှ မည်သည့်အကျိုးဆက်များခံစားရမည်ဆိုသည်ကို ရက်ရက်စက်စက်ဖိနှိပ်ခြင်း ထောင်ဒဏ် နှစ်ရှည်ချခြင်းများဖြင့် နမူနာပြခြိမ်းခြောက်ခဲ့ပါသည်။ အခြေခံဥပဒေမူကြမ်း ပြည်သူ့ဆန္ဒခံယူပွဲကျင်းပမည်ဟု ကြေညာပြီးသည့်နောက် ၂၀၀၈ ခုနှစ် ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် စစ်အစိုးရမှ ပြည်သူ့ဆန္ဒခံယူပွဲနှင့် ပတ်သက်သည့် ဥပဒေ ၁/၂၀၀၈ အားထုတ်ပြန်ကြေညာခဲ့ပါသည်။ ထိုဥပဒေအရ ဆန္ဒခံယူပွဲအား နှောက်ယှက်သူ၊ နှောက်ယှက်ရန်ကြံသူ၊ ဆန့်ကျင် စာရွက်စာတမ်းဖြန့်ဝေသူ ပိုစတာကပ်သူများအား ထောင်ဒဏ် ၃ နှစ်အထိ ချမှတ်နိုင်သည်ဟု ထုတ်ပြန်ထားပါသည်။ ထိုဥပဒေထုတ်ပြန်၍ ပြည်သူများအားဆန္ဒခံယူပွဲအား မကန့်ကွက်နိုင်စေရန်၊ ကန့်ကွက်မဲပေးရန် လှုံ့ဆော်မှုများ မပြုနိုင်ရန် တားမြစ်ပိတ်ပင်လိုက်ခြင်းဖြစ်ပါသည်။

၂၀၀၈ခုနှစ် မေလတွင် ကျင်းပခဲ့သော၂၀၀၈ အခြေခံဥပဒေမူကြမ်း ပြည်သူ့ဆန္ဒခံယူပွဲများ ကျင်းပသောအခါအဖမ်းအဆီး အနှိပ်အကွပ်များလှသော်လည်းဆန့်ကျင်မဲပေးရေး လှုပ်ရှားမှုပေါင်းများစွာဖြစ်ပေါ်ခဲ့ပါသည်။ ဆန့်ကျင်မဲပေးရေးလှုပ်ရှားမှုများနှင့် ပတ်သက်ပြီးအဖမ်းခံရသူ အကျဉ်းချခံရသူပေါင်း၇၉ ဦးအား အေအေပီပီမှ မှတ်တမ်းတင်စာရင်းပြုစုထားပါသည်။ ဆန့်ကျင်မဲပေးရေး လှုပ်ရှားမှုသည်ပြည်သူလူထုအား ၄င်းတို့၏ အခြေခံနိုင်ငံရေးအခွင့် အရေးများ အားလက်တွေ့ကျင့်သုံးတတ်စေရန်အားပေးရင်း မတရားသည့် ၂၀၀၈ခုနှစ် အခြေခံဥပဒေအား ကန့်ကွက်မဲပေးရန်ငြိမ်းချမ်းသည့်နည်းလမ်းဖြင့်လှုံ့ဆော်သည့် လှုပ်ရှားမှုဖြစ်ပါသည်။

ယခုလက်ရှိတွင် ကန့်ကွက်မဲပေးရေးလှုပ်ရှားမှုများနှင့် ပတ်သက်ပြီးအကျဉ်းကျနေသူ အနည်းဆုံး ၂၂ဦး ထောင်ထဲတွင် ရှိနေဆြဲဖစ်ပါသည်။

စစ်အစိုးရ၏ မည်သည့်အတိုက်အခံကိုမျှ သည်းမခံပဲ ဖိနှိပ်ခြင်းအား နာဂစ်မုန်တိုင်းအပြီး မုန်တိုင်းဒဏ်ခံ ပြည်သူများအား ကူညီစောင့်ရှောက်ရန်ကြိုးပမ်းသည့် စေတနာ့ဝန်ထမ်း ၂၁ ဦးအား ဖမ်းဆီးအကျဉ်းချထားခြင်းအား သာဓကအဖြစ် ကြည့်နိုင်ပါသည်။ မုန်တိုင်းတိုက်ခတ်အပြီး စစ်အစိုးရမှ ပြည်သူများအား ကူညီထောက်ပံ့စောင့်ရှောက်ရန် ပျက်ကွက်ခဲ့ချိန်တွင် သာမန်ပြည်သူများနှင့် လူမှုအဖွဲ့အစည်းများမှ စစ်အစိုးရလုပ်ဆောင်ရန်ပျက်ကွက်သည်များအား ၀င်ရောက်လုပ်ကိုင်ကူညီရန် ကြိုးစားလာကြပါသည်။

နိုင်ငံရေးလှုပ်ရှားမှုနှင့်မည်သို့မျှမသက်ဆိုင်သည့် သေဆုံးသူများ၏ ရုပ်ကလာပ်များအား လိုက်လံကောက်ယူကာ မြှုပ်နှံသဂြိုလ်ပေးခြင်းများ၊ မုန်တိုင်းဒဏ်ခံပြည်သူများအား ထောက်ပံ့ကူညီခြင်းများအတွက် အချို့ စေတနာ့ဝန်ထမ်း များသည် ထောင်ဒဏ် ၃၅ နှစ်အထိ ချမှတ်ခြင်းခံခဲ့ကြရပါသည်။ ဒေါက်တာနေ၀င်းနှင့် သမီးဖြစ်သူ အသက် ၂၀ အရွယ် တက္ကသိုလ်ကျောင်းသူ မဖြိုးဖြိုးအောင် အပါအ၀င် စေတနာ့ဝန်ထမ်း ၂၁ ဦး အကျဉ်းကျနေဆဲဖြစ်ကြပါသည်။

ညှဉ်းပမ်းနှိပ်စက်မှုများ ၂၀၁၀ခုနှစ်တွင်လည်း စစ်အစိုးရ၏နိုင်ငံရေးလှုပ်ရှားသူများအပေါ်ညှဉ်းပမ်းနှိပ်စက်မှုများဆက်လက် ရှိနေဆဲ ဖြစ်ပါသည်။အေအေပီပီမှ မှတ်တမ်းပြုဖော်ထုတ်ထားသည့် လတ်တလောတွေ့ရှိချက်များအရညှဉ်းပမ်းနှိပ်စက်မှုများမှာပို၍ပင် ပြင်းထန်ရက်စက်လာပါသည်။ ညှဉ်းပမ်းနှိပ်စက်မှုဒဏ် ခံစားရသူများနှင့်၎င်းတို့၏ မိသားစုဝင်များမှဖွင့် ဟချက်များအရ အာဏာပိုင်များသည် ၄င်းတို့ချုပ်နှောင်ထိန်းသိမ်းထားသည့် နိုင်ငံရေးလှုပ်ရှားသူများ အပေါ်စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာတင်မကလိင်ပိုင်းဆိုင်ရာ ညှဉ်းပမ်း နှိပ်စက်မှုများ ကိုပါကျူးလွန်လျှက်ရှိကြောင်းတွေ့ရသည်။ အကျဉ်းသားများအတွက် အခြေခံအကျဆုံးသော ကာကွယ်ပေးမှုမှာညှဉ်းပမ်းနှိပ်စက်မှုမှ ကာကွယ်ပေးခြင်းပင်ဖြစ်ပါသည်။ အပြည်ပြည်ဆိုင်ရာ ဥပဒေများအရစစ်အတွင်းကာလဖြစ်စေ၊ ပြည်တွင်းမငြိမ်မသက်ဖြစ်နေသည့် ကာလဖြစ်စေ၊ တိုင်းပြည်တွင် အရေးပေါ် အခြေအနေ ကြေညာထားသည့်ကာလဖြစ်စေ မည်သည့်ညှဉ်းပမ်းနှိပ်စက်မှုမျိုးမဆိုဥပဒေမဲ့ လုပ်ရပ်ပင်ဖြစ်သည်ဟုအတိအလင်းဖော်ပြထားပါသည်။

စစ်အစိုးရမှ ဆက်တိုက်ကျူးလွန်နေသည့်ရက်စက်ပြီး လူမဆန်သည့် ညှဉ်းပမ်းနှိပ်စက်မှုများသည်အပြည်ပြည်ဆိုင်ရာ ဥပဒေအားစစ်အစိုးရမှ လုံးဝ လေးစားလိုက်နာခြင်းမရှိကြောင်း ပြသနေပါည်။ ထို့အပြင် ညှဉ်းပမ်းနှိပ်စက်မှု ကျူးလွန်သူများအားလည်းအပြစ်ပေးအရေးယူခံရခြင်းမှကင်းလွတ်ခွင့်ရရှိရန် စစ်အစိုးရမှတာဝန်ခံပေးထားကြောင်းတွေ့ရှိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်အများအပြားသည်လည်း ၂၀၁၀ ခုနှစ်အတွင်း ညှဉ်းပမ်းနှိပ်စက်ခံရသူများ ထဲတွင် ပါဝင်နေပါသည်။ ၂၀၁၀ ခုနှစ် ဧပရယ်လ ၂၈ ရက်နေ့တွင် ရခိုင်ပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်တဦးဖြစ်သူ ဦးသန်းမောင်သည် စစ်တပ်နှင့်ရဲမှ ညသန်းခေါင်အချိန်တွင် လာရောက်ဖမ်းဆီးသည်ကိုသာမက မိသားစုဝင်များရှေ့ ၄င်း၏အိမ်၏အိမ်တွင်ပင် နှိပ်စက်ညှဉ်းပမ်း ရိုက်နှင်ခြင်းခံခဲ့ရပါသည်။ အာဏာပိုင်များမှ မည်သည့်ခွင့်တောင်းခြင်းမျှမရှိပဲ အိမ်တွင်းသို့ ပိုင်စိုးပိုင်နင်းဝင်ရောက်လာပြီး ဧည့်စာရင်းစစ်ခြင်းဖြစ်ပါသည်။

သြဂုတ်လအတွင်းတွင်နိုင်ငံတော်ပုန်ကန်မှုဖြင့်စွဲဆိုကာ အကျဉ်းချခံရသူ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အဖွဲ့ဝင်တဦးဖြစ်သူ ကိုဌေးအောင်သည် စစ်ကြောရေးကာလအတွင်းညှဉ်းပမ်း နှိပ်စက်မှုများဒဏ်ကြောင့်နားတဖက် အကြားအာရုံထိခိုက်သည့်ဝေဒနာအားခံစားနေရပါသည်။ ကိုဌေးအောင်၏ညီမဖြစ်သူမစန်းစန်းအေးမှအာဏာပိုင်များက ကိုဌေးအောင်အား အချုပ်ခံထားရသည့်ကာလတလျှောက်လုံး ဆေးကုသခွင့် မပေးသည့်အပြင်မိသားစုမှ ဆေးဝါးပို့ပေးခွင့်လည်း မပြုခဲ့ကြောင်း ပြောပြပါသည်။ဆရာဝန်မှ ကိုဌေးအောင် ၏ နားစည်သည်ပေါက်နေပြီ ဖြစ်သောကြောင့်ခွဲစိတ်ကုသမှု ပြုရမည်ဖြစ်ကြောင်းအာဏာပိုင်များအား အသိပေးခဲ့သော်လည်းအာဏာပိုင်များမှ လျစ်လျူရှုခဲ့ပါသည်။

စစ်အစိုးရအနေဖြင့် အတိုက်အခံများအား နှိပ်ကွပ်ရန် အခြားသောအကြမ်းဖက် နည်းလမ်းများအားလည်း အသုံးပြုပါသည်။ နိုင်ငံရေးအတိုက်အခံများသည် စစ်အစိုးရမှဖွဲ့စည်းပေးထားသော ကျောထောက်နောက်ခံပြုထားသော လက်ကိုင်တုတ်များ၏ အကြမ်းဖက်တိုက်ခိုက်မှုများအားလည်း ရင်ဆိုင်ကြရပါသည်။ မေလ ၆ ရက်နေ့တွင် မွန်ပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်တဦးဖြစ်သူ ကိုချစ်တင်သည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပါတီဝင် နှစ်ဦး၏ အကြမ်းဖက်တိုက်ခိုက်မှုခံရပြီးနောက် တလကျော်ကြာအောင် ဆေးရုံတက်ကုသခဲ့ရပါသည်။

မြန်မာနိုင်ငံအတွင်းတွင် နှိပ်စက်ညှဉ်းပမ်းခံရသည်မှာ နိုင်ငံရေးအကျဉ်းသားများသာ မဟုတ်ပါ။ ၂၀၁၀ ခုနှစ်အတွင်း အေအေပီပီမှနိုင်ငံရေးအမှုမဟုတ်သော အခြားအမှုများတွင်လည်း ထိန်းသိမ်းခံရသူများ နှိပ်စက်ခံရသည့်သတင်းများ ရရှိခဲ့ပါသည်။ ပဲခူးမြို့တွင် လူ ၆ ဦး ရဲ၏ ကိုယ်ထိလက်ရောက်စော်ကားမှုအပြင်အချုပ်ခံနေရစဉ်အတွင်း လိင်အင်္ဂါများအား မီးနှင့်တို့ခြင်းအပါအ၀င်ညစဉ်ညတိုင်း လူမဆန်စွာ ညှဉ်းပမ်းနှိပ်စက်ခံခဲ့ရကြောင်း သိရှိရသည်။

မြန်မာနိုင်ငံတွင် နိုင်ငံရေးအသိုင်းအ၀ိုင်းအတွင်းမှ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများသာမက သာမန် ပြည်သူများ ကိုပါ ညှဉ်းပမ်းနှိပ်စက်မှုများအား သတိပေးချက်အနေဖြင့် အသုံးပြုပါသည်။ ၄င်းတို့၏ အခြေခံ လူ့အခွင့်အရေးများအား အသိအမှတ်ပြုခြင်း အာမခံခြင်းမျိုးမရှိကြောင်းနှင့် လွတ်လပ်အေးချမ်းလုံခြုံသည့် လူမှု ပတ်ဝန်းကျင်တွင် နေနေရခြင်း မဟုတ်ကြောင်း ထိုအချက်က သက်သေပြနေခြင်းဖြစ်ပါသည်။

ထောင်ပြောင်းမှုများ နိုင်ငံရေးအကျဉ်းသားများအားမိသားစုနှင့် ဝေးလံသောနယ်စွန်နယ်ဖျား ထောင်များသို့ထောင်ပြောင်းခြင်းများ ၂၀၀၉ခုနှစ်နှင့် ၂၀၁၀ ခုနှစ်အတွင်းတွင်လည်း ဆက်လက်ဖြစ်ပွားခဲ့ပါသည်။ ၂၀၀၈ ခုနှစ် နိုဝင်ဘာလမှစ၍ အနည်းဆုံး နိုင်ငံရေးအကျဉ်းသား ၂၇၅ ဦး ငှက်ဖျားဧရိယာအတွင်း တည်ရှိပြီး ရာသီဥတုကြမ်းတမ်း၍ ဆရာဝန်မရှိသော နယ်စွန်နယ်ဖျား ထောင်များသို့ထောင်ပြောင်းခံခဲ့ကြရသည်။ ထိုထောင်များတွင် ဆေးဝါးပစ္စည်းမပြည့်စုံသည့် အပြင်ထောင်အာဏာပိုင်များအား လာဘ်ထိုးမှ ဆေးဝါးသွင်းခွင့်ရပါသည်။ ပုံမှန်အားဖြင့် မိသားစုများအနေ ဖြင့်အကျဉ်းကျနေသူအား အစားအစာနှင့် ဆေးဝါး ထောက်ပံ့ခွင့်ရှိပါသည်။ ဝေးလံသော ထောင်များသို့ ထောင်ပြောင်းလိုက်ခြင်းသည်မိသားစုမှ ထောက်ပံ့နေသည့်အစားအစာနှင့်ဆေးဝါးအား ပိတ်ပင်တားဆီးဖြတ်တောက်လိုက်ခြင်းပင် ဖြစ်သည်။ ထောင်ပြောင်းလိုက်ခြင်းသည် ထောင်တွင်းရှိ နိုင်ငံရေးအကျဉ်းသားများအစားအသောက် ဆေးဝါး ပြတ်တောက်စေသည်သာမကမိသားစုများအားလည်း အခက်အခဲမျိုးစုံကြုံ တွေ့စေပြီးစိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုဖြစ်အောင် အစီအစဉ်ရှိရှိ ပြုလုပ်ခြင်းဖြစ်သည်။

၂၀၀၉ခုနှစ်အတွင်း နိုင်ငံရေးအကျဉ်းသား၇၁ ဦး နှင့် ၂၀၁၀ ခုနှစ်တွင်နိုင်ငံရေးအကျဉ်းသား ၃၀ ဦးနယ်စွန်နယ်ဖျား ထောင်များသို့ထောင်ပြောင်းခံခဲ့ရပါသည်။ အသက်အရွယ်ကြီးရင့်ပြီး ကျန်းမာရေးချို့ယွင်းနေသည့် ရှမ်းတိုင်းရင်းသားခေါင်းဆောင်ဗိုလ်ချုပ် ဆေထင်အား ၂၀၁၀ခုနှစ် သြဂုတ်လ အတွင်း၌ တပတ်အတွင်းထောင်သုံးထောင် ပြောင်းခဲ့သည်ကို ထင်ရှားသည့်သာဓကအဖြစ် မြင်တွေ့နိုင်ပါသည်။ အသက် ၇၄ နှစ်အရွယ် ရှမ်းတိုင်းရင်းသားခေါင်းဆောင်ဗိုလ်ချုပ်ဆေထင်သည် လက်ရှိတွင်ထောင်ဒဏ် ၁၀၆ နှစ် ကျခံနေရပါသည်။

သြဂုတ်လ၂ ရက်နေ့တွင် ဗိုလ်ချုပ်ဆေထင်အား ခန္တီးထောင်မှ မန္တလေး အိုးဘိုထောင်သို့ ပြောင်းရွှေ့ပါသည်။ထိုမှ တဖန် သြဂုတ်လ ၅ ရက်နေ့တွင်အိုးဘိုထောင်မှ ရန်ကုန် အင်းစိန်ထောင်သို့ ပြောင်းပါသည်။ ထို့နောက် အင်းစိန်မှ ထောင်ဆရာဝန်မရှိသည့်စစ်တွေထောင်သို့ ပို့ဆောင်လိုက်ပါသည်။ ဗိုလ်ချုပ်ဆေထင်သည် နှလုံးရောဂါ၊ ဆီးချိုရောဂါနှင့် မျက်စိတိမ်စွဲသည့်ဝေဒနာများ ခံစားနေရသူ ဖြစ်သော်လည်းအာဏာပိုင်များမှ ၄င်းဝေဒနာများ အတွက်ဆေးကုသခွင့်အား အဆက်မပြတ် ငြင်းဆန်နေခဲ့ပါသည်။

ဗိုလ်ချုပ်ဆေထင်၏သမီးဖြစ်သူ ဒေါ်နမ်းခမ်းပေါင်ထောင်ဝင်စာသွားတွေ့သည့် အခါတွင်ထောင်ပြောင်းစဉ်က လမ်းတလျှောက်လုံး ဗိုလ်ချုပ်ဆေထင်အား သံခြေကျင်းခတ်ထားသည့်အပြင်လက်အဆစ်လွဲသည့်တိုင် ဆေးကုသမှုလုံးဝမပေးသည်ကို သိရှိခဲ့ရသည်။ ယခုကဲ့သို့ အသက်အရွယ် ကြီးရင့်သူဝါရင့်ရှမ်းတိုင်းရင်းသားနိုင်ငံရေးခေါင်းဆောင်တဦးအား အသက်အန္တရာယ် ထိခိုက်နိုင်သည့် တိုင်အောင်နှိပ်စက်ညှဉ်းပမ်းမှုသည် နအဖစစ်အစိုးရအနေဖြင့် တိုင်းရင်းသားလူမျိုးစုများနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး ရရှိရန်အတွက်မည်သည့် ရည်ရွယ်ချက်နှင့် စိတ်စေတနာကောင်းမှမရှိကြောင်း ပြဆိုနေပါသည်။

ကျန်းမာရေးပြသနာများ ၂၀၀၉ခုနှစ် မေလတွင် အေအေပီပီမှမြန်မာနိုင်ငံအတွင်းရှိ နိုင်ငံရေးအကျဉ်းသားများရင်ဆိုင်နေရသည့် ကျန်းမာရေးပြသနာများ၊ အာဏာပိုင်များမှ ပြည့်စုံလုံလောက်သည့် ကျန်းမာရေးစောင့်ရှောက်မှုမပေးခြင်းနှင့် ဆေးကုသခွင့် ငြင်းပယ်ခြင်းများ အားဖော်ပြထားသည့် အစီရင်ခံစာတစောင်ထုတ်ဝေခဲ့ပါသည်။ နိုင်ငံရေးအကျဉ်းသားများ၏ ကျန်းမာရေး အခြေအနေများသည်၂၀၁၀ ခုနှစ်ထဲတွင်လည်း တိုးတက်လာခြင်းမရှိသည့် အပြင်စနစ်တကျ ကျူးလွန်နေသည့် ညှဉ်းပမ်းနှိပ်စက်မှု၊ နှစ်ရှည်ထောင်ဒဏ်များ၊ ဝေးလံခေါင်ဖျားဒေသများသို့ ထောင်ပြောင်းခြင်းများနှင့်ဆေးကုသခွင့်ပေးရန် ငြင်းဆန်မှုများသည် အခြေအနေကို ပိုမိုဆိုးဝါးစေပါသည်။

ဗိုလ်ချုပ်ဆေထင် ကဲ့သို့ပင် ကျန်းမာရေးအတွက် ပြုစုစောင့်ရှောက်မှုမရသည့်အပြင် ဆေးဝါးကုသခွင့်ပါ ငြင်းပယ်ခံနေရသူ ဦးတင်ယု၊ကိုမြအေးနှင့် ဦးခင်မောင်ချိုကဲ့သို့နိုင်ငံရေး အကျဉ်းသားပေါင်းအနည်းဆုံး ၁၄၂ ဦးရှိနေပါသည်။၎င်းတို့မှာ မိသားစုများနှင့်ဝေးရာ နယ်စွန်နယ်ဖျား ရှိထောင်များသို့ထောင် ပြောင်းခံထားရသူများဖြစ်ကြပါသည်။ ထိုနိုင်ငံရေးအကျဉ်းသားများ၏ ကျန်းမာရေးအခြေအနေအားအေအေပီပီမှ အထူးစိုးရိမ်မိပါသည်။ ထိုသူများအနေဖြင့် ပြည့်စုံလုံလောက်သင့်တော်သည့် ဆေးဝါးကုသမှု အချိန်မီမရရှိပါက အသက်ရှင်လျက် ထောင်မှ ပြန်လွတ်နိုင်မည်မလွတ်နိုင်မည် ဆိုသည်မှာသံသယဖြစ်ဖွယ်ရှိပါသည်။

နိုင်ငံရေးအကျဉ်းသားများ ထောင်တွင်း၌သေဆုံးမှုများ ၂၀၁၀ခုနှစ် မေလတွင် အသက် ၃၉ နှစ်အရွယ်နိုင်ငံရေးအကျဉ်းသား ကိုကျော်စိုးသည်ထောင်၏ဆိုးဝါးလှသည့် အခြေအနေများကြောင့်အသက်ရှူလမ်းကြောင်းဆိုင်ရာဝေဒနာများ ခံစားနေရသော်လည်းထောင်အာဏာပိုင်များမှ ဆေးဝါးကုသမှုမပေးခဲ့သဖြင့် မြင်းခြံထောင်တွင်း၌အသက်ဆုံးရှုံးခဲ့ရပါသည်။ ကိုကျော်စိုး သည်ညှဉ်းပမ်းနှိပ်စက်မှု၊ အစားအစာချို့တဲ့ဆင်းရဲမှုနှင့် ဆေးဝါးကုသမှုပြည့်စုံလုံလောက်စွာမရရှိခြင်းတို့ကြောင့် ၁၉၈၈ ခုနှစ်မှစတင်၍ ထောင်တွင်း၌၁၄၄ ဦးမြောက်သေဆုံးခဲ့သူ နိုင်ငံရေးအကျဉ်းသားဖြစ်သည်။


ကိုကျော်စ

0 comments:

Post a Comment