ရန်ကုန် ဗဟန်းရှိ ကြံ့ဖွံ့ပါတီရုံးတွင် ကျင်းပသော ပထမဆုံး သတင်းစာရှင်းလင်းပွဲ၌ ပါတီ အထွေထွေ အတွင်းရေးမှူး ဝန်ကြီး ဦးဌေးဦးက ပြောကြားခြင်း ဖြစ်သည်။
ရွေးကောက်ပွဲကျင်းပပြီး ရက်ပေါင်း ၉ဝ အတွင်း
ဦးဌေးဦးစကားက ရွေးကောက်ပွဲအပြီး ရက် ၉ဝ အတွင်း ကြားဖြတ် အစိုးရသစ် တက်မည်ဆိုသော ကောလာဟလကို ချေဖျက်လိုက်သလို ဖြစ်သွားသည်။
ကြံ့ခိုင်ဖွံ့ဖြိုးရေး၏ သမ္မတလောင်းကို လျာထားပြီးဟုလည်း ပြည်တွင်းသတင်းထောက်များကို ဝန်ကြီးက ကြေညာသည်။
ထို့ပြင် စည်ပင်ငွေဖြင့် ကြံ့ဖွံ့က အမည်ခံ လမ်းခင်း လမ်းပြင်နေသည်ဟု လူထုဝေဖန်ပြောဆိုမှုများအပေါ် ပူးတွဲ သတင်းစာ ရှင်းလင်းခဲ့သော ရန်ကုန်မြို့တော်ဝန် ဦးအောင်သိန်းလင်းက ဖြေရှင်းရန် တွန့်ဆုတ် နေခဲ့သည်ဟု ပွဲတက် အယ်ဒီတာတဦးက ပြောသည်။
ကြံ့ဖွံ့က အမတ်နေရာ ၁,၁၅၈ နေရာ ဝင်ပြိုင်မည်ဖြစ်ပြီး ပြိုင်ဘက်မရှိသော မဲဆန္ဒနယ်မြေ ၅၄ နေရာတွင် ယင်းတို့ပါတီက ၅၂ နေရာ ရထားကြောင်းလည်း ဦးဌေးဦးက အတည်ပြုသည်။
0 comments:
Post a Comment