Monday, November 1, 2010

လွတ်ငြိမ်းခွင့်

ငါ … ဘာမှ မဟုတ်တဲ့ငါ။
ဘာမှ အသုံးမဝင်တဲ့ငါ။
ဘာမှ အကျုံးမဝင်တဲ့ငါ။
လူမှုရေးတော့ သိ။
စီးပွားရေးက မရှိ။
ပညာရေးက မဟုတ်။

ကျန်းမာရေးက ဆုတ်ယုတ်။
ဖွဲ့စည်းပုံက ထွေပြား။
နိုင်ငံရေးက ဝေဝါး။
ဘာမှ အသုံးမကျတော့တဲ့ငါ။
ဘာမှ အကျိုးမပြုတော့တဲ့ငါ။
ငါ့ကို မင်းတို့ရဲ့ ချည်နှောင်မှုကနေ လွတ်ငြိမ်းခွင့်တော့ ပေးပါတော့ … ။

ငါ မဟုတ်တော့တဲ့ငါ …။

ဒါပေမယ့်…ငါ့မှာ မင်းတို့အသိုင်းအဝိုင်းတွေ မလုပ်နိုင်တဲ့ ပညာရပ်ရှိတယ်။

ငါ့မှာ မင်းတို့အဖွဲ့အစည်းတွေ မမြင်နိုင်တဲ့ အမြင်အာရုံရှိတယ်။

ငါ့မှာ မင်းတို့အသင်းအဖွဲ့တွေ မတွေးနိုင်တဲ့ အတွေးမျိုးရှိတယ်။

ငါ့မှာ မင်းတို့ပညာတတ်တွေ မစွမ်းနိုင်တဲ့ ပညာစွမ်းရှိတယ်။

ဒါ . . . ငါ့ရဲ့စွမ်းအား။ ငါ့ရဲ့ ပါဝါဘဲ။

အဲဒီ ငါရဲ့ အင်အားကို မင်းတို့ ခုတုံးတော့မလုပ်ကြပါနဲ့။

ငါရှက်လှပါဘိ။

ဒါကြောင့် . . .ငါ, ထပ်ပြောမယ်။

ငါဟာ ငါမဟုတ်တော့ဘူး။

ငါ့မှာ မင်းတို့ကို အကျိုးပြုစရာ ဗလာ။

ငါ့မှာ မင်းတို့အသုံးပြုစရာ နတ္တိ။

ငါ့လမ်း ငါသွားပါရစေတော့။

ငါ့အလုပ် ငါလုပ်ပြီး ငါ့သမိုင်း ငါရေးဖို့ ငါ့ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးကြပါတော့။

နောင်တစ်ချိန်ချိန်မှာတော့ . . . တရားသိသလိုလို တရားရှိသလိုလိုနဲ့
ဝင်လေ ထွက်လေရပ်ပြီး
ငါ့နောက် မလိုက်လာကြနဲ့ လို့ ငါ မှာခဲ့ပါရစေ။

ငါ မဟုတ်တော့တဲ့ငါ။ (ကျော်သူ)

( ၂.၁၁.၁၉၅၉ှ မှ ၂၀ ? ? )

0 comments:

Post a Comment